မောက်မယ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်၂နှစ်အောက် ကလေးသူငယ်များအားထောက်ပံ့ငွေပေးအပ်

 

  မောက်မယ်  သြဂုတ်၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်၂နှစ်အောက်ကလေးသူငယ်များအား လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃၂၀၂၄ဘဏ္ဍာရေးနှစ် (ဧပြီ မေ ဇွန် )လများအတွက် (MCCT)ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့သည်။

ပေးအပ်ပွဲတွင် မိမိရပ်ကွက်အတွင်းရှိအသက်၂နှစ်အောက်ကလေးငယ်များ (၄၃၂)ဦးအတွက်နှင့် ကိုယ်ဝန်ဆောင်မိခင်များ(၂၈၂)ဦးအတွက် စုစုပေါင်း(၇၁၄)ဦးအတွက် တစ်လလျှင် ကျပ်(၁၅၀၀၀)နှုန်းဖြင့် ()လအတွက် တစ်ဦးလျင်ကျပ်လေးသောင်းငါးထောင်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၃၁၀၅၀၀၀၀/−) ကျပ်အား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှတစ်ဆင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂နှစ်အောက်ကလေးငယ်များ၏ မိဘများလက်ဝယ်အရောက်  ဆက်လက်ထောက်ပံ့ပေးသွားရန် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)