ကျောက်ဆည်မြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှ ဆောင်ရွက်
Aug 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များတွင် ကူးစက်ရောဂါကျရောက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရိစ္ဆာန် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယနေ့နံနက် (၇) နာရီက ကြက်သားဟင်း ကျေးရွာအုပ်စုနှင့် ရွှေဒါးကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေး ဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် တိရစ္ဆာန်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။