စမ်ချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး

စမ်းချောင်း ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊  အလုံခရိုင်၊  စမ်းချောင်းမြို့နယ်    ကျွန်းတော‌တောင်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ကျောင်းကျန်းမာရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ၊ ကျောင်းအုပ်ဆရာမကြီးများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ကျွန်းတော‌တောင်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများကို ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နီလာစိုး