သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် စီမံကိန်းပါ လုပ်ငန်း(၇)ခုမှ လုပ်ငန်းထူထောင်လိုသူတစ်ဦးချင်းစီအား လုပ်ငန်းမတည်ငွေများ ထုတ်ချေးပေးသွားမည်
Aug 31,2023
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းပါ (၇) ခုမှ လုပ်ငန်းထူထောင်လိုသူတစ်ဦးချင်းစီအား လုပ်ငန်းမတည်ငွေ ကျပ် ၁၀ သိန်းမှ ငွေကျပ် သိန်း ၁၀၀ အထိကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေမှ ထုတ်ချေးနိုင်‌ရေးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောက်မယ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 31,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ(မိုးစပါး) ချေးငွေပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်
Aug 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို သြဂုတ်(၂၉)ရက် နံနက်(၉)နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရွှေဘိုမြို့(ရန်ကြီး​အောင်ပန်းခြံကျုံး) သဘာဝ​ရေပြင်တွင် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
Aug 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဝါ​ခေါင်လပြည့်​နေ့ (​မေတ္တာအခါ​တော်​နေ့)တွင် ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးဌာနမှ ကြီးမှူးကျင်းပသည့် ငါးမျိုး စိုက်ထည့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ​ရွှေဘို(ရန်ကြီး​အောင်ပန်းခြံကျုံး)သဘာဝ​ရေပြင် တွင် ကျင်းပခဲ့သည်။
ပြည်တက္ကသိုလ်(၂၄)နှစ်မြောက် မွေးနေ့အကြိုအထိမ်းအမှတ် သိပ္ပံဘာသာရပ်ပြပွဲ၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှု၊ ဆံကေသာအလှနှင့် ပဒေသာကပွဲကျင်းပ
Aug 31,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၏ (၂၄)နှစ်မြောက် မွေးနေ့အကြိုအထိမ်းအမှတ်  သိပ္ပံဘာသာရပ်ပြပွဲ၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှု၊ ဆံကေသာအလှနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့က ယင်းတက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ (သင်ကြား/စီမံ)ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း အင်အား ၁၀၀၀‌ ခန့်တက်ရောက်သည်။
ချင်းပြည်နယ်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
Aug 31,2023
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure – SOP) ရေးဆွဲပြုစုရေး ချင်းပြည်နယ်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို သြဂုတ်လ ၃၁ ရက် နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 31,2023
ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုလုပ်ငန်းများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် ဥပဒေအထောက်အကူပြုအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ခရိုင်ဥပဒေရုံးများ၊ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်ကြခဲ့ကြသည်။
အင်္ဂပူမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာမိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်အမှတ် အခမ်းအနားပြုလုပ်
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၃ ခုနှစ် ကမ္ဘာ မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်အမှတ် အခမ်းအနားပြုလုပ်ခဲ့သည်။