ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်

ဒဂုံတောင်   ဩဂုတ်    ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ပေးအပ်ကြောင်းသိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် စိုက်ပျိုးရေးအထူးပြု ကျောင်းသား/ကျောင်းသူ (၃၀)ဦး မွေးမြူရေးအထူးပြု  ကျောင်းသား/ကျောင်းသူ (၃၀)ဦး စုစု‌ပေါင်း ကျောင်းသား/ကျောင်းသူ (၆၀)ဦး ပညာသင်ကြားလျက်ရှိရာ  အဆိုပါ ကျောင်းသား / ကျောင်းသူ (၆၀) ဦးတို့အား တစ်လလျှင် ၁၀၀၀၀/-နှုန်းဖြင့် ဇွန်၊ ဇူလိုင်၊ သြဂုတ် (၃) လအတွက် တစ်ဦးလျှင် (၃၀၀၀၀/-) ကျပ်ကို  မွေးမြူရေးနှင့်ကုသရေး ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းသိန်းအေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၂ ဦးသန်းဦး စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦး‌ဇော်ထွေး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ရီမြင့်  ကျောင်းအကျိုးတော်ဆောင် ဦးလှနိုင်ဦးတို့က ကျောင်းသား / ကျောင်းသူတစ်ဦးချင်းဆီသို့ ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

ကျော်စွာမိုး (ဒဂုံတောင်)