လပွတ္တာမြို့နယ်တွင် အခြေခံမွေးမြူရေးပညာသင်တန်းဖွင့်လှစ်

လပွတ္တာ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်ဖြူ ကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာတွင် အခြေခံမွေးမြူရေးပညာသင်တန်းကို ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာ အောင်နိုင်သိန်းက သင်တန်းဖွင့် အမှာစကားပြော​ကြားရာတွင်ကျေးလက်ဒေသအတွင်း မွေးမြူရေးလုပ်ကိုင်သူများ ခေတ်မီစနစ်တကျမွေးမြူထုတ်လုပ်နိုင်ရေး၊​​ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရန်၊ ကူးစက်ရောဂါမဖြစ်ပွားစေရန်၊ ကာကွယ်ဆေးထိုးနှံရန် ၊မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးများအပတ်စဥ်ဖျန်းရန်၊ မွေးမြူပုံနည်းစနစ်များအကြောင်း သင်ကြားခဲ့သည်။

ထို့နောက် ကျောက်ဖြူကျေးရွာအတွင်းမှ သင်တန်းကို စိတ်ပါဝင်စားသူ(၃၀)ဦးအား အသိပညာ တိုးပွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)