ဟင်္သာတ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဆင်မသေဓမ္ဘီကျေးရွာ အုပ်စု၊ ဥတိုကျေးရွာရှိ ဥတိုဘုန်းတော်ကြီးကျောင်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးမြင့်သိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ မိမိတို့နှင့်သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ချပြရှင်းလင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂)မှ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းေကာင်း၊ စိုက်ပျိုးရေး ကဏ္ဍနှင့်ပတ်သက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက မိုးစပါးတစ်ဧက (၁၀) တင်းနှုန်း ပိုမိုထွက်ရှိရေး၊ ပိုက်ဆံလျှော်စိုက်ပျိုးရေး၊ ဆောင်းနေကြာသီးနှံစိုက်ပျိုးရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါနှိမ်နှင်းရေးလုပ်ငန်းဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရေး၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ ပြည်သူများ အသိ၊ သတိရှိကြရန်နှင့် အရေးယူဆောင်ရွက်နေမှု အခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူများမှ သိရှိလိုသည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြား၍ ပြန်လည် ဆွေးနွးခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)