ကျောင်းကုန်း စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီ ၃၀ အချိန်ခန့်က အမှတ်(၅)ရပ်ကွက်ရှိ "နေလင်းစိုး"ဆန်စက်၌ ပြည်သူများအား ဆန်တစ်ပြည် လျှင်(၂၅၀၀)ကျပ်ဖြင့် အိမ်ထောင်စု (၁)စုလျှင် ဆန် (၄)ပြည်နှူန်း ဆန်အိတ် (၅၀) ကိုရောင်းချပေးခဲ့သည်။
ဆက်လက်၍ ယနေ့နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်ရှိ "နေလင်းစိုး"ဆန်ပွဲရုံ၌လည်း ဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်ဖြင့် အိမ်ထောင်စု(၁)စုလျှင် ဆန်(၄)ပြည်နှူန်း ဆန် အိတ်(၅၀) စုစုပေါင်း အိတ်(၁၀၀)ရောင်းချပေးခဲ့သည်။ အဆိုပါအခြေခံစားသောက် ကုန်ဆန်ရောင်း ချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့ နယ်စားသုံး သူရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုတို့ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)