သတင်းများ

တောင်တွင်းကြီးမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပ
Mar 25,2025
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သာသနာ့ဗိမ္မာန်တော်ကြီးတွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 25,2025
၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဖြန့်ဝေပေးခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ နှစ် (၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 25,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိရပ်ကွက်၊ ရွှေသဇင်ဈေး၌ ဈေးရောင်း၊ ဈေးဝယ်သူများအား ဖြန့်ဝေ‌ပေးခဲ့သည်။
ရပ်စောက်၌ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး ဟောပြောပွဲပြုလုပ်
Mar 25,2025
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်၍ ယမန်နေ့နံနက်ပိုင်းက ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ စမ်းရေဦးကျေးရွာနှင့် မကျီးကုန်းကျေးရွာအုပ်စု၊ နောင်တခေါကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အ‌ရှ့ပိုင်း) မြို့နယ် (၁၀)မြို့နယ်မှ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာ‌ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
Mar 25,2025
ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ်(အ‌ရှ့ပိုင်း) မြို့နယ် (၁၀)မြို့နယ် စဉ်ဆက်ပညာ‌ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပညာ‌ရေးဌာန တာဝန်ရှိသူများ၊ စဉ်ဆက်ပညာ‌ရေးလုပ်ငန်း မြို့နယ်အလိုက် နည်းပြ/ကြီးကြပ်များ၊ စာသင်သားများ တက်ရောက်ခဲ့ကြသည်။
ပင်လုံမြို့ပန်မုန့် မူလမင်းကွန်းကမ္မဋ္ဌာန်းတိုက်၌ နွေရာသီ (Summer School) တက်ရောက်နေသော ကိုရင်လေးများထံသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Mar 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က ပန်မုန့် မူလမင်းကွန်းကမ္မဋ္ဌာန်းတိုက်၌ နွေရာသီ (Summer School) တက်ရောက်နေသော ကိုရင်လေးများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘက်စုံသုံးခန်းမ ဖွင့်လှစ်
Mar 25,2025
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကောင်းဘို့ကျေးရွာအုပ်စု၊ စမ်းရေဦး (Smart Village) ကျေးရွာ၌ စာကြည့်တိုက်အပါ ဘက်စုံသုံးခန်းမ (၄၀’×၂၀’×၁၂’) အဆောက်အဦ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌  ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှသူများက ကျေးရွာဘက်စုံသုံးခန်းမအဆောက်အဦအား ဖဲကြိုးဖြတ် ဖွင့်လှစ်‌‌ပေးခဲ့ကြသည်။
အင်းစိန်မြို့နယ်၌ မရှိ၍မလင်းသူမရှိစေရ အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား (အခမဲ့) စစ်ဆေးကုသပေး
Mar 25,2025
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ "မရှိ၍မလင်းသူမရှိစေရ" အစီအစဥ်ဖြင့် မျက်စိဝေဒနာရှင်များအား ကွင်းဆင်းကုသပေးခြင်းကို မတ် ၂၃ ရက်နေ့က အင်းစိန်မြို့နယ်၊ စဥ်ငူရပ်ကွက်ရှိ စူဠာမဏိဘုန်းတော်ကြီးကျောင်းတိုက်တွင် (အခမဲ့) စစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။