ရွှေဘိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း( ၃၃.၁၈) ရာခိုင်နှုန်းရှိ​ကြောင်းသိရ​

ရွှေဘို ဇူလိုင် ၂၈

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို ဇူလိုင်လ ၂၇ ရက်ကထုတ်ပြန်ရာ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း  (၃၃.၁၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ရွှေဘိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၂)စာစစ်ဌာနတွင် ဖြေဆိုသူပေါင်း ၆၃၉ ဦးရှိရာ အောင်မြင်သူ ၂၀၂ ဦးရှိကြောင်းသိရပြီး  ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂  ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၇၅ ဦးရှိ​ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ​ရွှေဘိုမြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က(၂)တို့တွင် ထုတ်ပြန်ကြေညာပေးထားကြောင်း၊ ​​အေးချမ်း​ပျော်ရွှင်စွာ လာ​ရောက်ကြည့်ရှုနိုင်​ရေး​ဆောင်ရွက်ထား​ကြောင်း သိရသည်။           ခရိုင်(ပြန်/ဆက်)