ဖြူးမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 25,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များတွင် အားကစားကို လေ့ကျင့်စေခြင်းဖြင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊ ကိုယ်ကာယကြံ့ခိုင်ပြီး စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြှင့်မားရေးအတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ပေးခဲ့ရာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။