သတင်းများ

ဟင်္သာတမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပ
Mar 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ကံလှကျေးရွာအုပ်စုရှိ တောင်သူ ဦးကျော်ဒွေး၏ ကွင်းအမှတ် ၁၄၆၂၊ ဦးပိုင်အမှတ် ၃၉၊ စိုက်ဧရိယာ (၃) ဧကတွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါနေရာ၌ ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့တွင် နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖွင့်ပွဲအခမ်းအနား တက်ရောက်
Mar 25,2025
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ကျုံသွတ်ကျေးရွာအုပ်စုရှိ ပေါက်တိန်းကျေးရွာတွင် နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇:၀၀) နာရီအချိန်က တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် ဌာနဆိုင်ရာများ ၊ Myanmar Underwater Federation ၊ Myanmar Dive Center တို့ ပူးပေါင်းကာ ကမ်းခြေသန့်ရှင်းသာယာလှပရေး ဆောင်ရွက်
Mar 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဌာနဆိုင်ရာများ၊ Myanmar Underwater federation ၊ Myanmar Dive Center တို့ပူးပေါင်းကာ နှစ်စဥ်လုပ်ဆောင်လျှက်ရှိသည့် ကမ်းခြေသန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုအဖြစ် ယနေ့နံနက် (၇း၀၀) နာရီမှ နံနက် (၉း၀၀) နာရီအထိ အမှတ် (၃) ရပ်ကွက်၊ ချစ်သူများကျွန်းရှေ့ ကမ်းခြေတစ်​လျှောက်တွင် စုပေါင်း​အမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နွေရာသီအခြေခံပန်းချီ (အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပ
Mar 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က နွေရာသီအခြေခံပန်းချီ (အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ညှိုနှိုင်းဆွေးနွေး
Mar 25,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ ဂေါ်ဖီထုပ်စိုက်ပျိုးရောင်းချသူများ ဈေးကောင်းရရှိသဖြင့် မိသားစုအဆင်ပြေ
Mar 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများအနေဖြင့် ယခုကာလတွင် ဒေသနေပြည်သူများ အများအပြားဝယ်ယူသော ဂေါ်ဖီထုပ်များ ခူးဆွတ်ရောင်းချနိုင်နေပြီဖြစ်သဖြင့် ဈေးကောင်းရရှိနေကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 25,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် နှစ် (၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
မိတ္ထီလာခရိုင်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip-EP)အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 25,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip-EP) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။