စလင်းမြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုသနပ်ခါးလိမ်းခြယ်ပွဲ ကျင်းပ
Mar 25,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားမှုတစ်ရပ်အနေဖြင့် သနပ်ခါးလိမ်းခြယ်ပွဲကို ယနေ့နံနက် (၉)နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။