နတ်မောက်မြို့နယ်၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြော
Mar 26,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူများ ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်စေရန်၊ လုပ်ဆောင်ချက်များအလိုက် ကောင်းကျိုးဆိုးကျိုးများကို သိရှိနားလည်လာပြီး ဆောင်ရန် ရှောင်ရန်များကို နားလည်သဘောပေါက်ရန်နှင့် လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘုန်းတော်ပြည့်ကျေးရွာ ရွာဦးဘုန်းတော်ကြီးတွင် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး ဟောပြောခဲ့သည်။