သတင်းများ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ဘတ်စကတ်ဘော(ကျား၊ မ)ပြိုင်ပွဲ ကျင်းပ
Jul 28,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတန်းပေါင်းစုံဘတ်စကတ်ဘော (ကျား၊ မ)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အာကစား ခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မုဒုံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၆၄ ဒဿမ ၄၆ အောင်ချက်ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့် ဒုတိယရရှိ
Jul 28,2025
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်စာရင်းကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာရာ မွန်ပြည်နယ် မုဒုံမြို့နယ်ပညာရေးမှူးရုံးမှလည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးခဲ့သည်။
လွိုင်လင်မြို့နယ်၊ ချိုခမ်းကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Jul 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ချိုခမ်းကျေးရွာမှ ကျေးလက်နေပြည်သူများအား အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်းတွင်ပြုလုပ်ပါသည်။
သံဖြူဇရပ်မြို့နယ်တွင် ​တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​ အောင်ချက်ရာခိုင်နှုန်း ၆၁.၃၈ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ်တွင် တတိယရရှိ
Jul 28,2025
တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​အောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့ရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယ​မန်နေ့နံနက်ပိုင်းမှစတင်၍ သံဖြူဇရပ်မြို့နယ် ပညာ​ရေးမှူးရုံးနှင့် အထက(၁)နှင့်(၂)တို့တွင် ကပ်ထား​ကြေညာခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 28,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ အ-ထ-က(ကဝ)၊ အ-ထ-က(အုန်းနှဲ)ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယမန်နေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ(၉၂၆)ဦးတွင် (၂၈၀)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၃၃.၇၅) ရာခိုင်နှုန်းအောင်မြင်
Jul 28,2025
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင် စာမေးပွဲ အောင်/ရှုံးစာရင်းကို ဇူလိုင်(၂၇)ရက်က  စာစစ်ဌာနကျောင်းများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၌ စာစစ်ဌာနသုံးခုတွင် အောင်ချက်ရာခိုင်နှုန်း(၃၃.၇၅)ရာခိုင်နှုန်း အောင်မြင်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ခရမ်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jul 28,2025
၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယမန်နေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
မိုင်းယုမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လွေချောင်းဘေးနေထိုင်သည့် အိမ်ထောင်စုများကို ရေဘေးလွတ်ရာသို့ အရေးပေါ်ကူညီကယ်ဆယ်ပြောင်းရွေ့
Jul 28,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဇူလိုင် ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လွေချောင်းရေမြင့်တက်ကာ ချောင်းဘေးနေထိုင်သည့် နေအိမ်များသို့ ရေဝင်ရောက်မှု ယနေ့နံနက် ၆ နာရီက စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။