အထက်မင်းလှ ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ထယ်ထိုးမြှုပ်ပ်နှံခြင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်ရှိ တောင်သူ ဦးမြင့်ကိုကို၏ စိုက်ခင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မင်းလှမြို့နယ်ရှိ တောင်သူများအနေဖြင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရပိုမိုကောင်းမွန်စေကြောင်း၊ သီးနှံများအထွက်နှုန်းတိုးစေကြောင်း၊ ကုန်ကျစရိတ်နည်းစေကြောင်း နှင့် သစ်စိမ်းမြေဩဇာ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုး ကျေးဇူးများကို ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက တက်ရောက်လာသည့် တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မင်းလှမြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက မင်းလှမြို့နယ်၏ စိုက်ပျိုး ထုတ်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကို ဖြည့်စွက်မှားကြား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ယန္တယားများဖြင့်ထယ်ထိုးမြေမြှုပ်နေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ