သတင်းများ

လှည်းကူးမြို့နယ် ဒါးပိန်တောင်ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် ခရိုင်/မြိုနယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကေသီခိုင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jul 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြေစာအပေါ် ‌အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များသို့ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၅၆ ဒဿမ ၈၂ အောင်ချက်ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့် ပထမရရှိ
Jul 28,2025
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပညာရေးမှူးရုံးမှလည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာပေးခဲ့သည်။
ရေးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ အောင်ချက်ရာခိုင်နှုန်း  ၂၆ ဒသမ ၅၄ ရာခိုင်နှုန်းရှိ
Jul 28,2025
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ်ပညာရေးမှူးရုံးတွင်လည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခဲ့သည်။
လက်ပံတန်း၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန ၄ ခုတွင် ယမန်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား/သူ ၇၄၉ ဦးတွင် ၂၄၉ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ 
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၃) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား တွေ့ဆုံအားပေး
Jul 28,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား  သွားရောက်တွေ့ဆုံအားပေးခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 28,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အ-ထ-က(ကျောက်တံခါး)၊ အ-ထ-က (ပဲနွယ်ကုန်း)၊ အ-ထ-က(ဖဒို)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယမန်နေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၁၁၄၆ ဦးတွင် ၃၈၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ ရပ်ရွာအခြေပြု လူသုံးကုန်ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူငယ့်အားမာန်သင်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က လူမှုဝန်ထမ်းရုံးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး ရပ်ရွာအခြေပြု လူသုံးကုန်ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။