သနပ်ပင် ဇူလိုင် ၂၈
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အ.ထ.က(သနပ်ပင်)နှင့် အ.ထ.က(မင်းရွာ)ကျောင်းတို့တွင် ယမန်နေ့နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၄၁၈ ဦးတွင် ၂၂၇ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(သနပ်ပင်)နှင့် အ.ထ.က(မင်းရွာ) စာစစ်ဌာန(၂)ခုတို့တွင် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ဖြေဆိုသူ (၄၁၈)ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၅၄ဒသမ၃၁ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၂၂၇)ဦး အောင်မြင်ခဲ့ကြောင်း တစ်ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၄)ဦးနှင့် ရိုးရိုးအောင်(၂၁၆)ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)