တံတား ဇူလိုင် ၂၈
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယမန်နေ့ နံနက်(၆)နာရီမှစ၍ မြန်မာတစ်နိုင်ငံလုံးတပြိုင်တည်းထုတ်ပြန်ကြေငြာခဲ့ရာ သန်လျင်ခရိုင် တံတားမြို့၏ စာစစ်ဌာနဖြစ်သော အ.ထ.က စာစစ်ဌာန၌ အောင်စာရင်းထုတ်ပြန်ကြေငြာထားသည်ကို တွေ့ရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တံတားမြို့မှ(၈၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ (၅၀) ဦးတွင် တစ်ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁) ဦးတို့ ရရှိခဲ့ပြီး ရိုးရိုးအောင်မြင်သူ (၄၀) ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် (၅၈.၅၂%) ဖြစ်ကြောင်း သိရှိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)