ငါးသိုင်းချောင်းမြို့၊ အ.ထ.က (ခွဲ)ချောင်းဝတွင် ကြက်ခြေနီသင်တန်းဆင်းပွဲကျင်းပ
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ငါးသိုင်းချောင်းမြို့ အ.ထ.က (ခွဲ)ချောင်းဝတွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၂/၂၀၂၃)ကို စက်တင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။