သတင်းများ

မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Sep 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့ နေ့လယ် ၁ နာရီခွဲက တာဝန်ရှိများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ပူတာအိုမြို့ သန့်ရှင်းသပ်ရပ်လှပလာစေပြီး ခရီးသွားများအား ပိုမိုစွဲဆောင်နိုင်သည့် မြို့ပြတစ်ခုဖြစ်လာစေရေး ကွင်းဆင်းစစ်ဆေး
Sep 18,2023
မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီက ပူတာအိုမြို့လေဆိပ်မှ မြို့ဝင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
တာလေမြို့၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် ''ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ စပါးကို ကုန်ချောထုတ်လုပ်ရောင်းချနိုင်ရေး ဆွေးနွေးပွဲကျင်းပ
Sep 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက မိုင်းယောင်းစပါးများအား ကုန်ကြမ်းမှကုန်ချောသို့ ထုတ်လုပ်ရောင်းချနိုင်ရေး ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Sep 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ် ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ(၁၅)ရက်နေ့ နံနက်  (၈:၀၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
နတ်မောက်မြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၂၅)နှစ်အောက် အမျိုးသမီးပိုက်ကျော်ခြင်း ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပ
Sep 18,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အသက်(၂၅)နှစ်အောက် အမျိုးသမီးပိုက်ကျော်ခြင်း ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲကို ယမန်နေ့ နေ့လည် (၂)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်း ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့ ကန်တော်ကြီးကန်၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Sep 18,2023
တောင်တွင်းကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများပေါများစေရေးနှင့် ဒေသတွင်းပြည်သူများ ငါးရိက္ခာများ ပိုမိုရရှိစားသုံးနိုင်ရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေနံနက် ၈ နာရီက ကန်တော်ကြီးကန်၌ ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Sep 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ကြသည်။