သာပေါင်းမြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီမှ မြစ်ရေဝင်ရောက် ကျေးရွာအုပ်စု(၅၇)ရှိ ပြည်သူမျာအတွက် ဆန်အိတ်(၄၅၀) ကျေးရွာအရောက်ဖြန့်ဖြူးပေးလျက်ရှိ

သာပေါင်း စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေဝင်ရောက်လျက်ရှိသည့် ကျေးရွာအုပ်စု(၅၇)မှ ပြည်သူများအတွက် ဆန်အိတ်(၄၅၀)ကို မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီ၏ စီစဥ်မှုဖြင့် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်က စတင်၍ ကျေးရွာများအရောက် ဖြန့်ဖြူးပေးခဲ့ကြသည်။

ထိုသို့ ငဝန်မြစ်ရေဝင်ရောက် ကျေးရွာအုပ်စု(၅၇)ရှိ ပြည်သူများအတွက် ပြင်ပဈေးနှုန်းထက် သက်သာသောနှုန်းထားဖြင့် ရေဆင်းဆန် တစ်ပြည်လျင်(၁၈၀၀)ကျပ်၊ ဆန်အိတ်(၄၅၀)တို့ကို ကျေးရွာများအရောက် ဖြန့်ဖြူးကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က စက်လှေဖြင့် လှည့်လည်ဖြန့်ဖြူးပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)