ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်
Sep 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယမန်နေ့က မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာခဲ့ကြောင်း သိရကာ ယနေ့နံနက် ၆ နာရီအချိန်တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ အထက် တမံရေပိုလွှဲမှ ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။