ရွှေတောင်မြို့နယ် အ.ထ.က ကြာနီကန်ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပ

ရွှေတောင် စက်တင်ဘာ ၁၈

ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကို ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ​ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က ကြာနီကန်ကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးက စားသုံးသူ၏ အဓိပ္ပာယ်၊ အခွင့်အ‌ရေးများ၊ တာဝန်များ၊ စားသုံးသူနှင့်ပတ်သက်သော  ကုန်ညွှန်းအမှတ်အသား (၈) ချက်ကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်စာဖတ်ခြင်း၊ လူကုန်ကူးမှု တားဆီးရေးအသိပညာ‌ ပေးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များဖတ်‌စေခြင်းနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များအားပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)