သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာပညာသင်ကြားလျက်ရှိ
Jun 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာကျောင်း အသီးသီးတွင် ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပဲခူးမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ ပညာသင်ကြား လျက်ရှိ
Jun 04,2021
ပဲခူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်ခဲ့ရာ ဇွန်လ(၄)ရက်တွင် ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက် ရှိပြီး ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းဆောင်ရွက်
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ စံကြည် ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် သနပ်ပင်မြို့နယ်အတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး၊ ဆေးတိုက်ခြင်း များကို ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေး‌နေကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းဆောင်ရွက်
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ စံကြည် ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် သနပ်ပင်မြို့နယ်အတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး၊ ဆေးတိုက်ခြင်း များကို ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေး‌နေကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ် တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေရာ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ကာကွယ်နိုင်စေရေး စသည့် လုပ်ငန်းစဉ်များကို လှည့်လည်အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jun 04,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်း၌ ဇီးလုံးကျေးရွာတောင်သူ (၁၈) ဦး စပါး သီးနှံစိုက်ဧက (၃၇) ဧက စုစုပေါင်း ချေးငွေကျပ် (၅၅သိန်း ၅ သောင်း) ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်ပင်ပျိုးပင်ပေါင်း ၉ဝဝဝဝ ကို ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးလျက်ရှိ
Jun 04,2021
မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနမှ ၂ဝ၂၁ ခုနှစ်မိုးရာသီကာလတွင် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် သစ်ပင်ပျိုးပင်ပေါင်း ၉ဝဝဝဝ ကို အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း အဆိုပါ သစ်တောဦးစီးဌာန တာဝန်ရှိ တစ်ဦးထံက သိရသည်။
လက်ပံတန်းမြို့နယ် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးသူတောင်သူများအား မျိုးစေ့ပေးအပ်
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးသူတောင်သူများအား မျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့က ရေကန်ကျေးရွာ အဆင့်မြင့် လယ်ယာဧကတစ်ရာ စီမံကိန်း ရှင်းလင်းဆောင်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။