မောက်မယ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Sep 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက မိုင်းပုတ်ကျေးရွာအုပ်စု၊ မိုက်ကန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။