ရွှေတောင် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က (ခွဲ) မန်ကျည်းပေါက်ကုန်းကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစိုးရာဇာလင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးသိုက်စိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်အကြောင်းနှင့် မှုခင်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အ.ထ.က (ခွဲ) မန်ကျည်းပေါက်ကုန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၄၀) ဦးခန့်တက်ရောက်၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာဗဟုသုတရရှိရေးအတွက် ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)