အင်းစိန်ခရိုင်တရားရုံး အဆောက်အဦး ပန္နက်တော်တင် တွင်းတော်ဝန်းအခမ်းအနားကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ အမှတ် (၄) လမ်းမကြီးပေါ်ရှိ အင်းစိန်ခရိုင်တရားရုံး အဆောက်အဦသစ် ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီက အဆိုပါ အဆောက်အဦးတည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။