ဥတ္တရသီရိမြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ဥတ္တရသီရိ စက်တင်ဘာ ၁

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဗိုလ်ရွေး အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင်ဆောင်၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခြူးယမုံဝင့်က ကမ္ဘာ့အိုဇုန်းလွှာ ဖြစ်ပါ်တည်ရှိနေသည့်နေရာများ၊ အိုဇုန်းလွှာသည် လူသားများနှင့်သက်ရှိများအပေါ် အကျိုးပြုပုံများ၊  အိုဇုန်းလွှာပျက်စီးပါးလွှာရခြင်း၏ အကြောင်းရင်းများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်လာပုံ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ယှဉ်တွဲဖြစ်ပေါ်လာမည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြော၍ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များမေးမြန်းရာ ပြန်လည်ဆွေးနွေးပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေနုက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)