ငါးသိုင်းချောင်း စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ငါးသိုင်းချောင်းမြို့ အ.ထ.က (ခွဲ)ချောင်းဝတွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၂/၂၀၂၃)ကို စက်တင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲတွင် မြို့ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးမောင်မောင်အေးက အဖွင့်အမှာစကားပြောကြား၍ မြို့ကြက်ခြေနီတပ်ခွဲမှူး ဦးမင်းယုက သင်တန်းနှင့်ပက်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အ-ထ-က (ခွဲ)ချောင်းဝ ကျောင်းအုပ်ဆရာကြီးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၂/၂၀၂၃)ဆင်းပွဲအခမ်းအနားကို နေ့လည် ၁၁ နာရီ ၃၀ အချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)