သရက် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနက်(၈)နာရီက သရက်ခရိုင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားအနားတွင် (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုုးလတ်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို ယခင်က နှစ်စဉ် ကျင်းပခဲ့လာတာ(၂၃)ကြိမ်ရှိပြီး ၂၀၂၃ ခုနှစ် ယခုအကြိမ် ကျင်းပမှာကတော့ (၂၄)ကြိမ်ဖြစ်ပါတယ် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများကို ကျင်းပရတဲ့ ရည်ရွယ်ချက်များနှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု မပပျောက်စေဖို့နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတတ်သည့် စိတ်ဓါတ်များရရှိစေရန်နှင့် မြန်မာတို့၏ တူရိယာ(၅)မျိုးဖြစ်တဲ့ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်၊ တို့ကို အစဉ်အလာထိန်းသိမ်းတတ်စေရန် မြန်မာ့(၁၂)လပွဲတော်များ မြန်မာ့အနုပညာ၊ ဂီတ၊ စာပေတို့ကိုလည်း ရိုးရာဓလေ့စရိုက်မပျက် တိုးတက်စေဖို့ နိုင်ငံသားတိုင်းက ကြိုးစားကြရမှာ ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲအခမ်းအနားသီချင်းဖြင့် ဖျော်ဖြေပြီးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံ(၁၀-၁၅) အကပြိုင်ပွဲ၊ အခြေခံပညာ(၁၅-၂၀)အဆင့် အကပြိုင်ပွဲများနှင့် အခြေခံပညာ (၁၀-၁၅)ကဗျာလွတ်၊(၁၀-၁၅)အဆင့် အဆို၊ ခေတ်ဟောင်းကာလပေါ်၊ (၁၅-၂၀) အဆင့် ခေတ်ဟောင်းကာလပေါ်၊ ဝါသနာရှင်(ဒု)အဆင့် အဆို၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ အခြေခံပညာ(၁၀-၁၅)အဆင့် ဒိုးပတ်ပြိုင်ပွဲများဖြင့် အသီးသီးဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား စက်တင်ဘာ(၁၈)ရက် နံနက်(၈)နာရီတွင် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)