ကန့်ဘလူမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီပြိုင်ပွဲ၌ ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ပွဲပြုလုပ်

ကန်ဘလူ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလယ်တန်းနှင့်မူလတန်းအဆင့် ရောင်စုံပန်းချီပြိုင်ပွဲ၌ ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က အိုဇုန်းလွှာအကြောင်း၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ရောင်စုံပန်းချီပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပန်းချီဆရာဦးစိုးမြင့်ဝေက ဆုရွေးချယ်ခြင်းနှင့် ပါတ်သက်၍လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသားကျောင်းသူများ ဘက်စုံထူးချွန်ရေး ဗလငါးတန်ဖွံဖြိုးရေးတို့ကို လည်းကောင်း အသီးသီးပြောပြားခဲ့ကြသည်။

ဆက်လက်၍ အလယ်တန်းနှင့်မူလတန်းအဆင့် ရောင်စုံပန်းချီပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)