သတင်းများ

ကျောက်မဲမြို့နယ်၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
Sep 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Sep 18,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအားမြို့နယ်အဆင့် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင်ထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း “ရတနာ” ခန်းမဆောင်၌ ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းရုံးခွဲတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (2023) ခုနှစ် World First Aid Day အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် တပ်ဖွဲ့ဝင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းရုံးခွဲတွင် (အဋ္ဌမ) အကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (2023) ကမ္ဘာ့ရှေးဦးစွာပြုစုခြင်းနေ့ (World First Aid Day) အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းရုံးခွဲတွင် ကျင်းပခဲ့သည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း
Sep 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်ခမ်းရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ ယနေ့နံနက်(၉)နာရီက နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံ၌ စုပေါင်း၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံးအမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး  အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကိုကာကွယ်နိုင်ရန် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၂)အခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းအုပ်ဆရာ​ကြီးဦးကိုကိုနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
အောင်လံခရိုင်၊ အောင်လံမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခမ်းအနားကျင်းပ
Sep 18,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အောင်လံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်တွင် (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက် 
Sep 18,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းများကို  မင်္ဂလာသိဒ္ဓိရပ်ကွက်တွင် ဆောင်ရွက်ခဲ့ ကြသည်။
ဆီဆိုင်မြို့ အခြေခံပညာကျောင်းရှိ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ်ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ထိုးနှံပေးသည်။