တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် တိုင်း/မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်ရေးဆောင်ရွက်
Sep 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခုတင်-၁၀၀ ပြည်သူ့ဆေးရုံတွင် လာရောက်ဆေးကုသခံယူသည့် ပြည်သူများ စိတ်အေးချမ်းစွာ ဆေးကုသမှုခံယူစေနိုင်ရန်၊ ဆေးရုံပတ်ဝန်းကျင်များ ပိုမိုသန့်ရှင်းသပ်ရပ်စေရန် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဌာနဆိုင်ရာ (၈) ဌာနမှ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများနှင့် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်သည့်အဖွဲ့များပူးပေါင်းကာ စက်တင်ဘာလ (၂၃)နေ့နံနက်ပိုင်းက ခုတင် (၁၀၀) ဆေးရုံဝန်း အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့သည်။