သရက်မြို့၌ “ဗလ(၅)တန်ဖွံ့ဖြိုးဖို့ စုပေါင်းအားဖြင့် ဖြည့်ဆည်းစို့”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

သရက် စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ “ဗလ(၅)တန် ဖွံ့ဖြိုးဖို့ စုပေါင်းအားဖြင့် ဖြည့်ဆည်းစို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ လာရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၆)ဦးက  လာရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)