သတင်းများ

ရသေ့တောင်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Sep 23,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဉီးပြုစုခြင်း သိကောင်းစရာဟောပြောပွဲဆောင်ရွက်
Sep 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့်ရှေးဉီးပြုစုခြင်းသိကောင်းစရာဟောပြောပွဲ ကို ယနေ့ နံနက်(၁၀)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ် အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ကြောင်း သတင်းရရှိ သည်။
ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club၊ Youth club၊ Woman Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Sep 23,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club၊ Youth club၊ Woman Club)တို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာမခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 23,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မင်းပြား)နှင့် မင်းပြားမြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကို ယမန်နေ့က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျုံပျော်မြို့ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်အား တက်ရောက်ဖွင့်လှစ်
Sep 23,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၁၀ နာရီက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ တိုင်ရင်းဆေးပညာဦးစီးဌာန၊ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်အား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ စပါးမျိုးကွဲနုတ်ပယ်ခြင်းနှင့် တတိယအကြိမ်ဓာတ်မြေဩဇာကြဲပက်ခြင်း အသိပညာပေးလက်တွေ့ကွင်းသရုပ်ပွဲကျင်းပ
Sep 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများအား စပါးမျိုးကွဲနုတ်ပယ်ခြင်းနှင့် တတိယအကြိမ်ဓာတ်မြေဩဇာကြဲပက်ခြင်း အသိပညာပေးလက်တွေ့ ကွင်းသရုပ်ပြသပွဲကို ယနေ့နံနက် ၈ နာရီက မိုင်းလွေကျေးရွာအုပ်စု လောက်ကျန်ကျေးရွာ၌ ဆောင်ရွက်သည်။
မြေပုံမြို့နယ်၊ ထူးချေကျေးရွာ အုပ်စုနေပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင် (၅၃၀၀) ကျပ်နှုန်းဖြင့် ကျေးရွာအရောက် လက်လီရောင်းချ
Sep 23,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ လက်လီအရောင်းဈေးကားဖြင့် ယနေ့နံနက် (၈) နာရီ (၃၀) မိနစ်အချိန်က ထူးချေကျေးရွာအုပ်စုရှိ စားသုံးသူ (ပြည်သူများ)သို့ စားသုံးဆီများ လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
ချီဖွေမြို့နယ်၊ အမှတ် (၂) အခြေခံပညာမူလ‌တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 23,2023
ချီဖွေမြို့နယ် အမှတ် (၂) အခြေခံပညာမူလ‌တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီတွင် အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။