မိုင်းခတ်မြို့နယ် ပြည်သူ့ပန်းခြံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ တပ်ရင်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ အပတ်စဉ် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် (၇)နာရီအချိန်က မိုင်းခတ်မြို့နယ် ပြည်သူ့ပန်းခြံအပြင်ဘက် လူသွားလမ်းဘေးတစ်လျှောက် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။