ပွင့်ဖြူမြို့နယ် ကျေးလက်စည်ပင်သာယာဈေးများတွင် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Sep 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကျေးလက်စည်ပင်သာယာဈေးများတွင် ဈေးရောင်း ဈေးဝယ်သူများ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးသို့ သွားရောက်ပြီး ပလတ်စတစ်သုံးစွဲမှု လျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။