လောက်ကိုင်မြို့၌ ပဉ္စမအကြိမ် “ကျင်းချုန်းဖလား” ဘတ်စကတ်ဘောအားကစားပြိုင်ပွဲ ကျင်းပ

လောက်ကိုင် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ပဉ္စမအကြိမ် ကျင်းချုန်းဖလားဘတ်စကတ်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁)ရပ်ကွက် တုံချိန် မိုးလုံလေလုံအားကစားရုံ၌ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီသော လုပ်ငန်းရှင်ကိုယ်စားလှယ် ဝေ့ချင်းထောင်းမှ ပြိုင်ပွဲကျင်းပပေးရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်လူကြီးများက ကတိသစ္စာပြုခဲ့ကြပြီး ပဉ္စမအကြိမ်မြောက် ကျင်းချုန်းဖလားဘတ်စကတ်ဘော အားကစားပြိုင်ပွဲ စတင်ရန် ဒိုင်လူကြီး၏ ပထမဆုံးဝီစီမှုတ်သံဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်မှ ပထမပွဲ အတွက် ဘတ်စကတ်ဘောကို မြှောက်ပေးပြီး ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၇)သင်း ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

 

ညိုညိုဝင်း(လောက်ကိုင်)