ပြည်ပသို့မွေးမြူရေး ရေချိုပုစွန်များတင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေး
Sep 26,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်ပသို့မွေးမြူရေး ရေချိုပုစွန်များ တင်ပို့နိုင်ရေးဒေသခံ ပုစွန်မွေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉နာရီအချိန်က တွံတေးခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။