နတ်မောက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်(၇)နာရီအချိန်က မြို့မရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ အတွင်း/အပြင်တွင် ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ကျောင်းပတ်ဝန်းကျင်များနှင့် ဘုရား၊ စေတီ ပုထိုးများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ဆေးရုံဝန်ထမ်းများ ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများက လမ်း၊ ဘေး ၊ ဝဲ/ယာများရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ မြက်ဖျက်စက်များဖြင့် ရှင်းလင်းခြင်းတို့အား စုပေါင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ သန့်ရှင်းရေးသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အင်အား(၁၉၀)ဦး ခန့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း