သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်
Sep 25,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ တရားသူကြီးချုပ်  ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန် ရှောင်တစ်ခင် စစ်ဆေးခြင်းများဆောင်ရွက်
Sep 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာ စေရန်၊ ရှောင်တစ်ခင် စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကုန်း​မြို့အဝင် ရန်ကုန်-မန္တလေး ကားလမ်း၊ မိုင်တိုင် အမှတ် ၂၄၈/၅ တွင်  ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ် တော်လှချောင်းဝကျေးရွာတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေး နွေစပါးမြောင်းများ တူးဖော်ပေး
Sep 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်လှချောင်းဝကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး အတွက် တော်လှချောင်ဝကျေးရွာနှင့် ကင်မွန်းခြုံ ကျေးရွာကြားရှိ တော်ကမံ ချောင်းတွင် နွေစပါးမြောင်းတူးဖော်လျက်ရှိရာ ကျေးရွာများရှိ ပြည်သူများ စိုက်ပျိုးရေရရှိ ခြင်းကြောင့် စပါးနှင့် အခြားသီးနှံများ ပိုမို စိုက်ပျိုးထုတ်လုပ်လာမည်ဖြစ်ကြောင်း သိရသည်။
မြန်အောင်နေခြည်စျေးအတွင်း ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားသုံးဆီရောင်းချမှုအား ကြည့်ရှုစစ်ဆေး
Sep 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် မြန်အောင်နေခြည်စျေး အတွင်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသောဆိုင်များကို ယနေ့ နံနက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Sep 25,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုးညှင်းမြို့နယ် နန့်မွန်းမြို့မှနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာတစ်လစာ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 25,2023
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှ နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာ တစ်လစာ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးဖွင့်လှစ်
Sep 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချန်က အဆိုပါရုံးတွင် ပြုလုပ်သည်။
မူဆယ်မြို့၌ “လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနည်းလမ်းများ”အသိပညာပေးစာစောင်များ မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်
Sep 25,2023
ဒေသခံပြည်သူများကို လျှစ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ သုံးစွဲမှုမရှိလျှင် ဖြစ်တတ်သော လျှပ်စစ်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့်ပိတောက်လမ်းဆုံရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ဘုတ်တွင် ဒေသခံပြည်သူများကို အသိပညာပေးပြသဆောင်ရွက်ထားလျက် ရှိပါသည်။