သတင်းများ

ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
Sep 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ လစဉ်ပြုလုပ်သော ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့ညနေ(၂)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဇလွန်မြို့မစျေးသစ်အတွင်း သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားသုံးဆီရောင်းချပေးနေသော ဆိုင်များအား ကြည့်ရှုစစ်ဆေး
Sep 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မစျေးသစ်အတွင်း စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသော ဆိုင်များကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
လပွတ္တာမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းပညာရပ်များကို တွဲဖက်သင်ကြားပေးမည့် အခြေခံပညာ အထက်တန်းကျောင်း ပညာသင်ယူနိုင်မှုအခွင့်အလမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းပညာရပ်များကို တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်း ကျောင်း ပညာသင်ယူနိုင်မှု အခွင့်အလမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို (၃)မိုင် အ.ထ.က ကျောင်းအစည်းအဝေးခန်းမတွင် ယနေ့ နေလည်(၁)နာရီအချိန်က ကျင်းပသည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 25,2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၆လမ်း၊ ၂၀×၂၂လမ်းကြားရှိ အနုပညာဦးစီးဌာန(မန္တလေး)၊ လေ့ကျင့်ရေးကဇာတ်ရုံတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးတင်ဝင်းရွှေ၊ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးပစ်တိုင်းထောင်၊ မန္တလေးတိုင်းဒေသကြီး ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင် ဆုရအနုပညာရှင်များ၊ အနုပညာဝါသနာရှင်များ စုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ကြသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် ပြည်သူများအား စားသုံးဆီများကို ရည်ညွှန်းစျေးနှုန်းဖြင့်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၁) နာရီက ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးအသိပညာပေးစခန်းတွင် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
Sep 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာ၊ စိုက်ပျိုးရေးအသိပညာပေးစခန်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က သဲကုန်းကျေးရွာ၊ ကြာဖြူကျေးရွာ၊ ကြခတ်ကုန်းကျေးရွာမှ တောင်သူများအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မား‌ရေးအဖွဲ့မှ တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေဘိုနည်းပညာ​ကောလိပ်တွင် ဗလငါးတန်ဖွံ့ဖြိုး​ရေး လူငယ်စကားဝိုင်းကျင်းပ
Sep 25,2023
နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး၊ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်​စေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​ရွှေဘိုနည်းပညာ​ကောလိပ်တို့ပူးပေါင်း၍ လူငယ်များဗလငါးတန် ဖွံ့ဖြိုး​ရေးလူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ​ရွှေဘိုနည်းပညာ​ကောလိပ်ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများ ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Sep 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းများ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများ ရောင်းချနိုင်ရေးအတွက် ဆန်လုပ်ငန်းရှင်များ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်း MSME အသင်းဥက္ကဋ္ဌ၊ နေပြည်တော် ဆန်ဒေသကော်မတီ၊ ဆန်လုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။