ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲပြုလုပ်

ကော့သောင်း  စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကိုယမန်နေ့ နံနက်ပိုင်းက မူလွန် (အဏ္ဏဝါ) ကျောင်းနှင့်မူလွန် (ကြေးနန်းဝင်း)ကျောင်း တို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကုန်းလမ်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးနောင်နောင် (စစ်ဆေးရေးမှူး) က ယာဉ်တိုက်မှုဖြစ်ရခြင်း၊ လမ်းအမှတ် အသားများအကြောင်း၊ နည်းဥပဒေပါ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် (၃) ယောက် မစီးနင်းရန်နှင့်လိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန် အချက်များ၊‌ ခြေကျင်လျှောက်သူများ လိုက်နာရန်အချက်များ၊ စက်ဘီးစီးသူများလိုက်နာရန် စည်းကမ်းချက်များ၊‌မော် တော်ဆိုင်ကယ်စီးလျင်လိုက် နာရမည့်အချက်များနှင့်လမ်းညွှန်းအမှတ်အသားများအားအသိပညာပေးပြောကြားခဲ့ပြီးပညာပေးနံရံကပ်စာစောင်များပြသခြင်းနှင့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲကိုကော့သောင်းမြိုနယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်း သိမ်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဗဟုသုတရစေရန်နှင့် အသိ၊သတိဖြင့်လိုက်နာကြစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)