နောင်ချိုမြို့နယ် မြို့ဦးကျောင်းတိုက်ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်

နောင်ချို စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့ဦးကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူလင်း၏ ဦးဆောင်မှုဖြင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ အိမ်ထောင်သည်ရဲမေများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍  အင်အား (၁၂၀) ခန့်ဖြင့် ကျောင်းတိုက်အတွင်း ခြင်အန္တရာယ်ကင်းဝေးစေရန် ချုံနွယ်များ၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေး အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များကို သယ်ယူ၍ စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)