သတင်းများ

အယ်လ်နီညိုရာသီဥတုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှု အသိပညာပေး ဟောပြော
Oct 01,2023
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေး ကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။
ကာလိမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်း
Oct 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကာလိနယ်မြေရဲစခန်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်ဖြူခရိုင်မှ ပြည်နယ်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသူများကို သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို
Oct 01,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မှ ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ခရိုင်ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသူများမှာ ယနေ့ညနေပိုင်းက စစ်တွေမြို့မှ ကျောက်ဖြူမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခြံဝန်းတွင် အိုးစည်၊ ဒိုးပတ်များဖြင့် သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆိုသည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့တွင် ကျင်းပ
Oct 01,2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့တွင် ယနေ့နံနက်က ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာ ဟောပြောပွဲကျင်းပ
Oct 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အ.ထ.က (၁) ကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်း၏ ရွေညီလာခန်းမ၌ဆောင်ရွက်ခဲ့သည်။
မာန်အောင်မြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ
Oct 01,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၁၀၇၆ ကို စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး
Oct 01,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယနေ့ နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
မိုးညှင်းမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Oct 01,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အောင်သပြေရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။