သတင်းများ

သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Oct 02,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအာ. ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မာန်အောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ‌ချေးငွေရယူထားသော လုပ်ငန်းရှင်များ၏ ပထမ (၆)လပတ်လုပ်ငန်းအကျိုးရလဒ် ရရှိမှုအခြေအနေအား ရှင်းလင်းပွဲအခမ်းအနားကျင်းပ
Oct 02,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ‌ ချေးငွေရယူထားသော လုပ်ငန်းရှင်များ၏ ပထမ(၆)လပတ်လုပ်ငန်း အကျိုးရလဒ်ရရှိမှုအခြေအနေများအား တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 
မအီမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း
Oct 02,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းန်းခြင်းကို မအီနယ်မြေ ရဲစခန်းမိသားစု ယမန်နေ့နံနက် အရုဏ်တက်ချိန်က မအီနယ်မြေရဲစခန်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Oct 02,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
(၆၈)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 02,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ကျရောက်မည့် (၆၈)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့က ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးခရိုင်တွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ် ပေးခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိရာ ၂၀၉၀၀ ဦးဆောင်ရွက်ပြီးစီး
Oct 02,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် အောက်တိုဘာ ၂ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများနေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၂၀၉၀၀)ဦးထိ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ပြီးကြောင်းသိရသည်။
တောင်သာမြို့နယ် ကျည်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အဋ္ဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေး
Oct 02,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အရင်းမပျောက် မတည်ရန်ပုံငွေ အဋ္ဌမအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့က ကျည်ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို၊ အောက်တိုဘာ(၂)ရက်နေ့ နံနက်(၁၀)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။