တနင်္သာရီမြို့နယ် မီးသတ်ဦးစီးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်
Oct 02,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယနေ့နံနက် ၉ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမျိုးနိုင်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ ဦးစီးမှူးများ စုစုပေါင်း (၁၂၅)ဦး တက် ရောက်ကြောင်း သိရသည်။