သတင်းများ

ကြည့်မြင်တိုင်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ
Oct 01,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်  ကျပန်းစကားပြောပြိုင်ပွဲကို  ယမန်နေ့ နံနက် ၉နာရီက ကြည့်မြင်တိုင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း၌  ကျင်းပပြုလုပ်ကြောင်းသိရသည်။
တွံတေးမြို့ အခြေခံပညာအလယ်တန်းကျောင်း(အမ္မတီ)သို့ တိုင်းရင်းဆေးအသိပေး ကွင်းဆင်းဆောင်ရွက်
Oct 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနအနေဖြင့် မိုးတွင်းကာလဖြစ်ပွားတတ်သော တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ရောဂါများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အတွင်းရှိ အ.လ.က(အမ္မတီ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
Oct 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်(၁၁၁၀)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး(၂၁၆၂)ဦးတို့ကို (MCCT)အစီအစဉ်ဖြင့် ၁၄၀၈၆၅၀၀၀ သိန်း ထောက်ပံ့ပေးအပ်
Oct 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်(၁၁၁၀)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေး(၂၁၆၂)ဦးတို့ကို ၁၄၀၈၆၅၀၀၀ သိန်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ စက်တင်ဘာလ ၂၉ ရက်နေ့၊မွန်းလွဲ ၁ နာရီအချိန်က ပြည်အေးခန်းမ၌ ပေးအပ်ထောက်ပံ့ခဲ့ကြသည်။
ပြိုလဲနေအိမ်ထောင်စုအား ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရိက္ခာနှင့် ထောက်ပံ့ငွေပေးအပ်
Oct 01,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြိုလဲနေအိမ်ထောင်စုအား ရိက္ခာနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 01,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကို ‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမတွင် ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျောင်းကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Oct 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်က အ.ထ.က (သခွတ်ကွင်း)ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
အ-ထ-က(မဲဇလီကုန်း)တွင် ကျောင်းကြက်ခြေနီနှင့်‌ ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြော
Oct 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အ-ထ-က (မဲဇလီကုန်း)ကျောင်းခန်းမ၌ မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၊ အင်္ဂပူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲ ပြုလုပ်ခဲ့သည်။