သတင်းများ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ တနင်္ဂနွေနေ့တွင် ဆက်လက်များပြားလျက်ရှိ
Oct 01,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ အောက်တိုဘာ ၁ ရက် တော်သလင်းလပြည့်ကျော် (၂) ရက်၊ တနင်္ဂနွေနေ့တွင် ဘုရားဖူးလေ့လာရေးလာရောက်သူ ဆက်လက်များပြားလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်းစတင်ကောက်ယူ
Oct 01,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း စတင်ကောက်ယူခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မြို့မအနောက်ရပ်ကွက် ကောက်ကွက်တစ်ကွက်တွင် စတင်ကောက်ယူခဲ့ကြသည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီး တိုင်းဒေသကြီးအဆင့်တွင် အောင်လံခရိုင်မှ ပထမဆုရရှိသူများအား ဂုဏ်ပြုဆုချီမြှင့်ပွဲကျင်းပ
Oct 01,2023
မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင် အောင်လံမြို့နယ်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးတိုင်းဒေသကြီးအဆင့်တွင် အောင်လံခရိုင်မှ ပထမဆုရရှိသူများအား ဂုဏ်ပြုဆုချီမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက ခရိုင်စီမံအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နမ့်စန်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
Oct 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အမှတ် (၄) ရပ်ကွက်ရှိ နမ့်စန် မြို့မရဲစခန်းဓမ္မာရုံအတွင်းတွင် ဆောင်ရွက်ခဲ့သည်။
မုံရွာမြို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Oct 01,2023
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းများကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀တွင် ကောက်ယူလျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယနေ့နံနက် ၈ နာရီအချိန်ကစ၍ စမ်းသပ် သန်းခေါင်စာရင်းများ ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျိုင်းတုံမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
Oct 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
တာချီလိတ်မြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
Oct 01,2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ယနေ့နံနက် ၉ နာရီက တာ့ဟွာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှပေးပို့သည့် သဝဏ်လွှာကို ခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်က ဖတ်ကြားသည်။
ဘုတ်ပြင်းမြို့၌ (၅၉)  နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
Oct 01,2023
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်ဘုတ်ပြင်းမြို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။